နအဖနှင့် တိုက်ပွဲသတင်း

11.01.2011 ဒီကနေ့ ချုကလီ နားက နအဖ ၈ ယောက်ကျတဲ့ တိုက်ပွဲClick

11.01.2011 ဖလူးဒေသတိုက်ပွဲအတွင်း နအဖနှင့် ဒီကေဘီအေ နှစ်ဘက်စလုံး အထိအခိုက်ရClick

11.01.2011 ကရင် DKBA နှင့် စစ်အစိုးရတပ်များ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားClick

10.01.2011 နအဖနှင့် ကရင်တပ်ဖွဲ့ဝင်များ တိုက်ပွဲ နှစ်ဘက်ထိခိုက်မှုများရှိClick

10.01.2011 DKBA တပ်ဖွဲ့ကို မြန်မာစစ်တပ် လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်Click

10.01.2011 ဒီကေဘီအေ အပြင်းအထန်ထိုးစစ်ဆင်ခံရClick

10.01.2011 တာ့ကော်ကျိုးနဲ့ ကဆောဝါးလေးကြားက လေးဒေး နေရာမှာ ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲဖြစ်Click

10.01.2011 DKBA နှင့် စစ်အစိုးရတပ် နှစ်ရက်ဆက် တိုက်ပွဲဖြစ် Click

9.01.2011 နယ်စပ် တိုက်ပွဲများအတွင်း နအဖ ကလေးစစ်သားများ ထွက်ပြေးနေClick

8.01.2011 မိုင်းလားတပ်ဖွဲ့ အမြောက် အပစ်ခံရClick

8.01.2011 ဖလူးမှာ နအဖတပ်တွေ လက်နက်ကြီးတွေနဲ့ အပြင်းအထန်ပစ်ခတ်Click

8.01.2011 ကော့ကရိတ်မြို့ ကားလမ်း ဗုံးခွဲတိုက်ခိုက်၊ ကရင်နှင့် နအဖ တိုက်ပွဲ ဆက်ဖြစ်Click

7.01.2011 မိနစ်ပိုင်း ပြောက်ကျားတိုက်ပွဲတွင် နအဖ ၃ဦးကျClick

6.01.2011 KNLA တပ်ဖွဲ့ဝင်များ ၂ ကြိမ် ဆက်တိုက် ပစ်ခတ်၍ နအဖ ၆ဦးသေ ၃ဦးဒဏ်ရာရClick

5.01.2011 နအဖ စစ်စခန်းကို ALA မှတိုက်ခိုက်၍ နအဖ တပ်သား ၄ ဦး ကျဆုံးClick

30.12.2010 တိုက်ပွဲအတွင်း နအဖ တပ်သား တဦး DKBA ဖမ်းမိ Click

30.12.2010 ဒီမနက် ဝေါ်လေဘက်မှာ တိုက်ပွဲသံတွေ ပြန်ကြား ရClick

27.12.2010 နအဖတပ် အင်အားဖြည့်မှုနယ်ကျွံလျှင် အချိန်မရွေး ပစ်ခတ်ရန် SSA တပ်မဟာ ၁ ထပ်မံညွှန်ကြားClick

25.12.2010 ကေအဲန်ယူ၏ စောင့်ကြိုတိုက်ခိုက် မှုကြောင့် ရက်ပိုင်းအတွင်း နအဖ နှင့် BGF ကျဆုံးထိခိုက်မှုရှိClick

25.12.2010 ဒီကေဘီအေနှင့် ပစ်ခတ်မှုတွင် နအဖဘက်မှ ထိခိုက်သေဆုံးမှု များပြားနေClick

25.12.2010 ဖာပွန်မြို့နယ်အခြေစိုက် နယ်ခြားစောင့်တပ်ရင်းတရင်း မာနယ်ပလောဒေသသို့ စစ်ကူအဖြစ်သွားClick

24.12.2010 ကရင်နီဒေသမှာ တရုတ်နိုင်ငံသားတချို့  အတိုက်ခိုက်ခံရClick

24.12.2010 DKBA နဲ့ နအဖတပ် တိုက်ပွဲ ဆက်ဖြစ်Click

24.12.2010 ဒီကနေ့ ဖလူးဒေသက တိုက်ပွဲ ၇ နာရီခန့် အချိန်ကြာခဲ့ Click

23.12.2010 မာနယ်ပလော ကျုံဒိုးနား တိုက်ပွဲများဖြစ် Click

22.12.2010 မာနယ်ပလောတွင် KNU နှင့် စစ်အစိုးရ တိုက်ပွဲဖြစ် Click

21.12.2010 တိုက်ပွဲကြောင့် နအဖ တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များနေClick

21.12.2010 ဒီကေဘီအေနှင့် ၄ ရက်မြောက် တိုက်ပွဲ Click

21.12.2010 မြဝတီမြို့ တောင်ဖက် မိုင် ၄၀ မှာ DKBA နဲ့ မြန်မာစစ်တပ် တိုက်ပွဲဖြစ်Click

20.12.2010 အသွင်ပြောင်းရေး လက်မခံသော SSA တပ်စခန်းအား နအဖထပ်တိုက်Click

20.12.2010 ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားဆဲClick

20.12.2010 စစ်အစိုးရနှင့် DKBA တိုက်ပွဲထပ်ဖြစ်၊ ၈ ဦး ကျဆုံး Click

19.12.2010 ဖလူးတိုက်ပွဲမှာ နအဖ ၁၀ ဦးခန့်နဲ့ ဒီကေဘီအေ ၄ ဦး ဒဏ်ရာရ Click

19.12.2010 ဒီကေဘီအေ လှုပ်ရှားတဲ့ နေရာတွေကို နအဖ ထိုးစစ်ဆင် Click

17.12.2010 တိုက်ပွဲအတွက် ပြင်ထားရန် ပြည်သူ့စစ်များကို စစ်အစိုးရ ညွှန်ကြား Click

17.12.2010 မာနယ်ပလော တိုက်ပွဲကြောင့် ရွာသားများ တိမ်းရှောင် Click

17.12.2010 ဒီကေဘီအေ နဲ့ နအဖ နိုဝင်ဘာ ၁၇ ရက်နေ့ ညတိုက်ပွဲClick

16.12.2010 တိုက်ပွဲကြောင့် မာနယ်ပလောဒေသမှ ရွာသားများ ထိုင်းဘက်ခြမ်းထွက်ပြေး ရောက်ရှိClick

14.12.2010 ဗုဒ္ဓဘာသာကရင်တပ်ဖွဲ့နှင့် စစ်အစိုးရတပ်များ တနေ့တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်Click

14.12.2010 လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကနဲလေးရွာသားတဦး ဒဏ်ရာရရှိClick

13.12.2010 နအဖနှင့် ဒီကေဘီအေကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေClick

12.12.2010 ဘုရားသုံးဆူအနီး မယ့်ကသာရွာတွင် တိုက်ပွဲဖြစ် နအဖ ဒုရင်းမှူး ဒဏ်ရာရClick

11.12.2010 စစ်အစိုးရ တပ်ခေါ်ကျိုးခြေကုပ်စခန်းကို ဒီကေဘီအေက သိမ်းပိုက်Click

10.12.2010 တက်လာသည့် နအဖတပ် ချုံခို တိုက်ခိုက်ခံရClick

8.12.2010 နအဖနှင့် ဒီကေဘီအေ တိုက်ပွဲဆက်လက်ဖြစ်ပွား Click

7.12.2010 နအဖ ရိက္ခာသယ်ယူနေသည့် သစ်တံတားငယ် ၇စင်းကို ကေအဲန်ယူ မီးရှို့ခဲ့Click

7.12.2010 KNU နှင့် နအဖတပ် တိုက်ပွဲဖြစ်၊ ၄ ဦး ကျဆုံး Click

7.12.2010 ကေအဲန်အယ်လ်အေ၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့် နအဖ ၆ဦးကျဆုံး ကာ ၄ဦး ထိခိုကClick

7.12.2010 နအဖနှင့် ဒီကေဘီအေ တိုက်ပွဲပိုမိုပြင်းထန် နအဖတပ်အင်အားတိုးချဲ့Click

6.12.2010 ဒီကေဘီအေနှင့် မြန်မာစစ်အစိုးရတပ် ဆက်လက်တိုက်ပွဲဖြစ်နေဆဲClick

6.12.2010 စစ်အစိုးရနှင့် DKBA တိုက်ပွဲ ဆက်ဖြစ် Click

6.12.2010 မာနယ်ပလောတွင် KNLA တပ်စခန်းပြန်ထိုင် Click

6.12.2010 ကေအိုင်အေတပ် စခန်းကို နအဖစစ်တပ်က ပစ်ခတ် Click,/p>

5.12.2010 မြ၀တီမြို့နယ်အတွင်း နအဖတပ်နှင့် ဒီကေဘီအေတပ်များ ဆက်လက်တိုက်ပွဲဖြစ်နေဆဲClick

4.12.2010 ဝေါ်လေတွင် နအဖတပ်ကို DKBA တိုက်ခိုက် Click

3.12.2010 မြန်မာစစ်တပ်နဲ့ DKBA ကြား နယ်စပ်တိုက်ပွဲ ပြင်းထန်Click

1.12.2010 ဗိုလ်ထိန်မောင်ကို စစ်အစိုးရ စတိုက်ပြီ Click

1.12.2010 နအဖနှင့် ဒီကေဘီအေ တိုက်ပွဲ ထိခိုက်သေဆုံးမှုများပြားClick

30.11.2010 ဗိုလ်မှူးကြီးစောကျော်သက် ဦးဆောင်ဒီကေဘီအေအဖွဲ့နှင့် နအဖတို့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားClick

30.11.2010 နယ်စပ်တိုက်ပွဲ ငြိမ်းချမ်းရေးအဖွဲ့ ပါလာClick

29.11.2010 ဘုရားသုံးဆူဒေသတွင် တိုက်ပွဲထပ်မံဖြစ်ပွါးပြန်ပြီးClick

29.11.2010 ဒီကေဘီအေနှင့် စစ်အစိုးရတပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွားClick

28.11.2010 ကေအန်ယူနဲ့ ဒီကေဘီအေ က နအဖ စစ်ကြောင်းကို စက္ကဝက်တောင်ကြားမှာ စောင့်ကြို တိုက်ခိုက်Click

27.11.2010 DKBA နဲ့ နအဖစစ်တပ် တိုက်ပွဲဖြစ်Click

27.11.2010 ဒီကေဘီအေ ဖလူးစခန်းကို နအဖ တပ်ရင်း ၃ ခုက ဝင်တိုက်Click

24.11.2010 သျှမ်းပြည်တပ်မတော်နှင့် နအဖတပ်တို့အကြားတိုက်ပွဲစိပ် Click

22.11.2010 ဝေါ်လေဒေသရှိ စစ်အစိုးရတပ်ဖွဲ့များ စားရေရိက္ခာပြတ်လပ်Click

20.11.2010 နအဖစစ်တပ် ကျေးရွာအနီးတ၀ိုက် နှစ်ညဆက်တိုက် လက်နက်ကြီးငယ် ဖြင့် လိုက်လံပစ်ခတ်Click

16.11.2010 ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဆက်ဖြစ် Click

15.11.2010 ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မြန်မာစစ်အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်Click

15.11.2010 SSA-N နှင့် နအဖတိုက်ပွဲကား ထိုးစစ်မဟုတ်ဟု စဝ်ယွပ်တ်စစ် ထောက်ပြClick

15.11.2010 ဝေါ်လေ ကနဲလေး မှာ ညတိုက်ပွဲဖြစ်ပွားClick

12.11.2010 SSA တောင်ပိုင်း နှင့်တိုက်ပွဲ စစ်အစိုးရတပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအ၀င် စစ်သည် ၄ ဦး ကျဆုံးClick

11.11.2010 မိုင်းရှူးဖက်ရှိ နအဖတပ် SSA တပ်မဟာ ၁ ကိုစတိုက်ပြီ Click

11.11.2010 ဘုရားသုံးဆူ တိုက်ပွဲဆက်ဖြစ် Click

10.11.2010 မြဝတီနဲ့ ဘုရားသုံးဆူမြို့က တိုက်ပွဲ ကြာအင်းဆိပ်ကြီးအထိ ပျံ့နှံ့Click

10.11.2010 ဗိုလ်မှူးကြီး စောလားပွယ် ဌာနချုပ်ကျ Click

9.11.2010 ကျောင်းသားတပ်မတော် အမှတ် (၄) တပ်ရင်း လွိုင်ကော်-ရှားတောကားလမ်းပေါ်က နအဖ စခန်းတခုကို သိမ်းပိုက် Click

9.11.2010 မြဝတီမြို့မှ DKBA တပ်ဆုတ်ခွာ၊ မြန်မာစစ်တပ်ပြန်သိမ်းClick

8.11.2010 ကရင်လက်နက်ကိုင်တပ်ဖွဲ့များ ဘုရားသုံးဆူမြို့သိမ်းClick

8.11.2010 မြဝတီမှာ ဒီကေဘီအေ နှင့် နအဖ တပ် တိုက်ပွဲဖြစ် Click

8.11.2010 မြ၀တီမြို့ ဒီကေဘီအေ နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲနောက်ဆုံးအခြေအနေClick

8.11.2010 ဘုရားသုံးဆူ တိုက်ပွဲ အခြေအနေ(မြန်မာစံတော်ချိန် ၂ နာရီ ၃၀ မိနစ်)Click

8.11.2010 မြ၀တီမြို့နှင့် ဘုရားသုံးဆူ တိုက်ပွဲ အခြေအနေများClick

7.11.2010 မြ၀တီမြို့ကို ဒီကေဘီအေ ၀င်ရောက်စီးနင်းထားClick

5.11.2010 တပါတ်အတွင်း နအဖနှင့် SSA ၃ ကြိမ်ထက်မနဲတိုက်ပွဲဖြစ်- သျှမ်းပြည်သို့ နအဖစစ်အင်အားတိုးချဲ့ဖြည့်ဆည်း Click

Sunday, December 5, 2010

မြ၀တီ - ဘုရားသုံးဆူ တိုက်ပွဲသတင်း 9.11.2010



မြန်မာစံတော်ချိန်.....ညနေ ၄ နာရီ ၅၅ မိနစ်
-----------------------------------------------------------------------
ညနေ(၄ နာရီ ၅၅မိနစ်) ဒီကေဘီအေနဲ့ နအဖ တပ်များ ဝေါလေ ဒေသတွင် ဆက်လက် တိုက်ပွဲဖြစ်နေတယ်လို့ သိရှိသည်။ ယခု ဝေါလေမှာ ဖြစ်နေတဲ့ တိုက်ပွဲပြင်းထန်တာ ယခုတိုက်ပွဲကို ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ်နေတဲ့ဒေသဖြစ်လို့ တိုက်ပွဲပြင်းထန်တာလို့ ဆိုပါတယ်။ မဲဆောက်မှ မြ၀တီသို့ ပြန်နေကြသည့် မြန်မာပြည်သားများ.... အခုညနေ ၄ နာရီခွဲလောက်က ပုံပါ... (ဓါတ်ပုံ - REUTERS)


အောက်ကပုံကတော့ မဲဆောက်ဘက်နေ မြ၀တီကို လှေဖြင့် ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေပါ...



ညနေ(၄ နာရီ )
မြ၀တီမြို့သို့ စစ်ပြေးဒုက္ခသည်များ ပြန်သွားရာ နအဖ စစ်တပ်မှာ ပြန်လည် မောင်းထုတ်နေကြောင်း သိရသည်။ မြ၀တီမြို့တွင်းမှ ဒီကေဘီအေ တပ်များ တဖြည်းဖြည်း ဆုတ်ခွာသွားကြောင်း သိရှိရသည်။

နေ့လည်(၃ နာရီ ၄၅ မိနစ်)
ဒီမွန်းလွဲပိုင်း ၃း၃၀နာရီလောက်မှာ နအဖ အမှတ်(၁၂) စစ်ကွပ်ကဲရေးဌာနချုပ် နည်းဗျူဟာ(၃)က တပ်ရင်းသုံးရင်းဟာ အခုဆိုရင် ဖားချောင်းနဲ့ မြ၀တီမြို့ကြားမှာ ရောက်ရှိနေပြီလို့ သိရတယ်။ အဲဒီတပ်ရင်းတွေက ခလရ(၂၃၀)၊ ခမရ(၃၅၅)နဲ့ ခမရ(၅၄၇)တို့ဖြစ်တယ်။ (ကိုးကား - kicupdatenews)

နေ့လည်(၃ နာရီ ၄၁ မိနစ်)
ဘုရားသုံးဆူတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ နအဖ စစ်တပ်က ရွာသစ်ဘက်တွင်နေရာယူပြီး ဒီကေဘီကေ တောင်ဝိုင်းဘက်တွင်နေရာယူထားကြကာ တဖက်နှင့်တဖက် ပစ်ခတ်နေကြကြောင်း သိရှိရသည်။

နေ့လည်(၃ နာရီ ၃၆)
ဘုရားသုံးဆူတွင် နေ့လည်ပိုင်းက စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ထိုင်းဘက်ကမ်းကို ကျပြီး အရပ်သား ၅ ယောက်နဲ့ ကရင်ဘုန်းကြီး ၂ ပါး ဒဏ်ရာရသွားတယ်သိရှိရသည်။

နေ့လည်(၂ နာရီ )
နအဖ စစ်တပ်များနဲ့ ဗိုလ်ချုစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်များ မြ၀တီကို ပြန်သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နေ့လည်(၁ နာရီ ၅၀ မိနစ် )
မဲဆောက်မြို့ တပ်မဟာ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ပြေးဒုက္ခသည်များ ဘုန်းကြီးက ပြန်လို့ရပြီဖြစ်ကြောင်း ကြေညာနေတယ်လို့ သိရပါတယ်။ သို့ပေမယ် မြ၀တီမြို့တွင်းက လူများမဟုတ်ပဲ မြ၀တီရွာနီးစပ်ချုပ်မှ နယ်ခြားစောင့်အုပ်ချုပ်ကျေးရွာတွေမှာ နေထိုင်သူတွေကိုပဲ ပြန်ခွင့်ပေးတာလို့ သိရှိပါတယ်။ မြ၀တီ မြို့တွင်းအခြေအနေ သေချာ မသိသေးလို့ မြို့တွင်းက လူတွေကို မပြန်ခိုင်းဘူးလို့လည်း သိရပါတယ်။

နေ့လည်(၁ နာရီ ၄၅ မိနစ် )
ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် ကေအန်ယူပူးတွဲပြီး ယမန်နေ့ တိုက်ပွဲဖြစ်ရာမှာ ပြန့်ကျဲနေသော နအဖ စစ်သားများနှင့် ချောင်းဆုံနေရာတွင် စစ်ပွဲဖြစ်နေကြောင်း သိရှိရသည်။

နေ့လည်(၁ နာရီ ၁၅ မိနစ် )
မြ၀တီမြို့မှာ ဖြစ်ပေါ်နေတဲ့ ဒီကေဘီအေနဲ့ နအဖ စစ်တပ် တိုက်ပွဲအခြေအနေကို ထိုင်း တီဗွီ ချယ်နယ် ၃ က နေ့လည် ၁၂ နာရီ ၅၀ မှာ ထုတ်လွှင့်ပြသ သွားတာပါ။
နံနက်(၁၂ နာရီ ၄၆ မိနစ် ) နအဖနဲ့ ဒီကေဘီအေတပ်များ တဖက်နဲ့ တဖက် ပစ်ခတ်မှုတွေ ရပ်ထားတယ်လို့ သိရှိရပါတယ်။ ဒီကေဘီအေ တပ်တွေကတော့ မြ၀တီမြို့ မေတ္တာလင်းမြိုင်ဘက်မှာ စခန်းထိုင်ထားပြီး ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အား၊ လက်နက်အင်အား ပြင်ဆင်နေတယ်လို့ နောက်သတင်းရရှိပါတယ်။

နံနက်(၁၂ နာရီ ၃၀ မိနစ် )
အတည်ပြုဖို့ ခက်ခဲ့တဲ့ သတင်းတွေ ရနေလို့ ခဏလေးစောင့်ပေးပါ။ ဖုန်းဆက်သွယ်နေပါသည်။

နံနက်(၁၁ နာရီ ၄၄ မိနစ် )
မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီတွင် မြ၀တီမြို့တွင် တိုက်ပွဲများ ပြင်းထန်နိုင်တယ်လို့ ဒီကေဘီအေနဲ့ နီးစပ်သူတဦးက ပြောဆိုသည်။ ဒီကေဘီအေဘက်မှ ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ် ဆုတ်ခွာဖို့ အမိန့်မပေးမချင်း ဘယ်တော့မှ မြ၀တီမြို့မှ ဆုတ်ခွာမဟုတ်ဘူးလို့ ဒီကေဘီအေ ဘက်မှပြောသည်။

နံနက်(၁၁ နာရီ ၃၃ မိနစ် )
လတ်တလော အတည်မပြုနိုင်သေးသည့် သတင်းများအရ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နှင့်နီးသည့် ဝေါလေ ဘက်မှလည်း တိုက်ပွဲတွေဖြစ်ပေါ်နေကြောင်း သိရှိရသည်။ စစ်ရေးသုံးသပ်သူတဦး အပြောအရ တံတားတွေ ကျိုးသွားသည့်အတွက် လတ်တလော စစ်ကူလာလို့မရတဲ့အတွက် ရှေ့တန်းအထိုင်တပ်တွေကို မြ၀တီကို စစ်ကူသွားခိုင်းတော့ ရှေ့တန်းအထိုင်တပ်တွေမှာ စစ်အင်အားနည်းတဲ့ အချိန်မှာ ဒီကေဘီအေ ဘက်မှ နအဖ ရှေ့တန်းအခြေစိုက်စခန်းတွေ ၀င်တိုက်တာ ဖြစ်နိုင်တယ်လို့ပြောဆိုသည်။

နံနက်(၁၁ နာရီ )
မြ၀တီမြို့တွင် မနေ့က ပိတ်မိနေပြီး ထွက်မလာနိုင်ပဲ ယနေ့ မနက်ပိုင်းမှ ရောက်ရှိလာသည့် သစ္စာမဂ္ဂဘုန်းကြီးကျောင်းနှင့် အခြားဘုန်းကြီးကျောင်းများ ဘုန်းကြီးများ စစ်ပြေးဒုက္ခသည်များ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။ (ဓါတ်ပုံ - REUTERS)





နံနက်(၁၀ နာရီ ၅၀ မိနစ်)
ABSDF (ကျောင်းသားတပ်မတော်)မှ နအဖ စစ်အုပ်စုအား ဒီကေဘီအေ အပါအ၀င် အခြား အဖွဲ့အစည်းများနဲ့ ပူးတွဲတိုက်ပွဲဝင်သွားရန် စုဖွဲ့မှုများ ပြုလုပ်ပြီးစီး၊ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။ ( ABSDF - ထုတ်ပြန်ကြေညာချက်) ကြည့်ရန် ယခု Link ကို နှိပ်ပါ။ တိုက်ရိုက်လင့် http://www.scribd.com/doc/41643779/Statement-on-Attack-Between-DKBA-and-SPDC

နံနက်(၁၀ နာရီ ၃၀ မိနစ်)
ရန်ကုန်မြို့နေ ပြည်သူလူထုက ရွေးကောက်ပွဲ အနိုင်ရ သတင်းထက်၊ မြ၀တီ တိုက်ပွဲသတင်းကို ပိုမိုစိတ်ဝင်စားမှုများနေကြောင်း မြို့ခံတဦးမှ ပြောဆိုသည်။ ရန်ကုန်တွင်လည်း ကုန်ဈေးနှုန်း ပိုမိုတိုးမြင့်လာကြောင်းလည်း ပြောဆိုသည်။ လူထုအုံကြွမှုတရပ် ဖြစ်ပေါ်လာနိုင်ကြောင်း ၄င်းက သုံးသပ်ပြောဆိုလိုက်သည်။ ရန်ကုန်တွင် လုံခြုံရေး ပိုမိုတင်းကြပ်နေကြောင်းလည်း သိရှိရသည်။

နံနက်(၁၀ နာရီ ၂၀ မိနစ်)
ဘုရားသုံးဆူအခြေစိုက် နအဖ စစ်တပ် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ဝင်းကို ဒီကေဘီအေမှ သိမ်းပိုက်မှု မရရှိသေးပါဘူး။ မနက်ပိုင်းက အပြန်လှန် ပစ်ခတ်နေရာမှ ယခု ပစ်ခတ်မှုများ ရပ်နားထားတယ်လို့ သိရှိရပါတယ်။ နအဖ က ဘုရားသုံးဆူအခြေစိုက် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ကို စစ်အင်အားဖြည့်ဖို့ စစ်ကူလွှတ်ထားတယ်လို့ သိရှိရပါတယ်။

နံနက်(၁၀ နာရီ ၃ မိနစ်)
ဘုရားသုံးဆူမြို့တွင် ဒီကေဘီအေ တပ်ရင်း ၉ဝ၆နှင့် ၉ဝ၇ က အချက်အခြာကျရာ နေရာများကို သိမ်းပိုက်ထားရာမှ ယနေ့မနက် ၈ နာရီက ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ အပြန်အလှန်ပစ်ခတ်မှုများ ပြန်လည် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

နံနက်(၉ နာရီ ၄၇ မိနစ်)
မြ၀တီမြို့ပေါ်မှာ ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲတွေ ရပ်လိုက်နားလိုက်နဲ့ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ AJC သတင်းဌာန ပြောဆိုလိုက်ပါတယ်။ (ကိုးကား - AJC)

နံနက်(၉ နာရီ ၃၅ မိနစ်) မြ၀တီမြို့ပေါ်မှာ ဖြစ်နေသော စစ်ပွဲအတွက် နအဖ စစ်တပ်မှရန်ကုန်၊ ပဲခူးနှင့် နေပြည်တော် မှ လက်နက်ကြီးတင် စစ်ကား ၆၀ ကျော် စစ်တောင်းမြစ် ကို ကျော်ဖြတ်လာနေကြောင်း သိရှိရသည်။

နံနက်(၉ နာရီ )
ဒီကေဘီအေ ဗိုလ်စောလားဘွယ်တို့နဲ့ ပူးပေါင်းရန် ကေအယ်ယူ တပ်မဟာ ၇ နယ်မြေမှ စစ်ကြောင်းတကြောင်း ယမန်နေ့ညက ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

နံနက်(၈ နာရီ ၃၀ မိနစ်)
မနေ့ညက နအဖ တပ်မှ တိုက်ပွဲ အရှိန်အဟုန်မြင့်တင်ဖို့ ကော့ဂရိတ်နှင့် သင်္ကန်းညီနောင်တွေမှာ ပေါ်တာ လိုက်ဆွဲခဲ့တယ်လို့ သိရှိရသည်။

နံနက်(၈ နာရီ ၂၂ မိနစ်)
ABSDF စစ်ကော်မရှင်အတွင်းရေးမှူး ကိုခင်ကျော်မှ မြ၀တီတွင်ဖြစ်ပေါ်နေသော တိုက်ပွဲ အခြေအနေကို ယခုလိုသုံးသပ်ထင်ပြလိုက်ပါတယ်။ (လက်ရှိအခြေအနေမှာ ဗိုလ်မှူးစောလားဘွယ် ဦးစီး DKBA အဖွဲ့က မြ၀တီစစ်ပွဲကိုရက်အတန်ကြာ ထိမ်းထားနိုင်မယ်လို့ သုံးသပ်ရပါတယ်၊ ကနေ့ ကာလ နအဖ က ရွေးကောက်ပွဲလုပ်ပြီး ကမ္ဘာကိုအလှပြနေချိန် မြ၀တီကိုသိမ်းပိုက်ခံလိုက်ရ တာဟာ အရှိုက်အထိုးခံလိုက်ရသလို ဖြစ်နေတယ် နအဖ ကတတန်ပြန်ထိုးစစ် ဆင်တဲ့ နည်းရော ညှိနိုင်းတဲ့နည်းပါ သုံးမှာပါ၊ ပထမနည်းဖြစ်တဲ့ တန်ပြန်ထိုးစစ်ဆင်တဲ့ နည်းသုံးရင်တော့ တိုက်ပွဲကပြီးသေိးမှာမဟုတ်ဘူး။ ယာယီရပ်ဆိုင်းသွားနိုင်ပေမဲ့ ရေရည်မှာ DKBA က တိုက်ပွဲပုံစံပြောင်း ပြီး တိုက်ပွဲဆက်ဝင်သွာယးမယ်ဆိုရင် ပိုပြီးတောင် အင်အားတောင့်တင်း လာနိုင်မယ်၊ ဘ၀တူတွေက လက်ပိုက်ကြည့်နေကြမှာ မဟုတ်ဘူး။ တွေ့ဆုံ ညှိနိုင်းတဲ့နည်းနဲ့ ရန်သူကသုံးရင်တော့ ဗိုလ်မှူးကြီးစောလားဘွယ်တို့က နိုင်ငံရေးအရပါ စကားပြောလိမ့်မယ်လို့ ယူဆရပါတယ်၊)

နံနက်(၈ နာရီ ၁၀ မိနစ်)
ယနေ့နံနက်ပိုင်းတွင် မြ၀တီမှ မဲဆောက်သို့ စစ်ပြေးဒုက္ခ္ခသည်များ ထိုင်းနိုင်ငံ မဲဆောက်မြို့လေယာဉ်ကွင်းရှေ့ ထိုင်းစစ်တပ်ဝန်းအတွင်းတွင်ထားသော စစ်ပြေးဒုက္ခ္ခသည်စခန်းသို့ တဖွဲဖွဲ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။

နံနက်(၈ နာရီ ၄ မိနစ်)
မြ၀တီမြို့ပေါ်မှာ နအဖ စစ်တပ်မှ မြို့ပေါ်တွင် နောက်ဆုံးကျန်ရှိနေသေးသော ပြည်သူလူထုကို မြ၀တီမြို့အတွင်းမှ ၁ နာရီအတွင်း အပြီးထွက်သွားကြရန် စစ်ကားများဖြင့် လိုက်လံကြေညာကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ၄၀ မိနစ်)
ရွေးကောက်ပွဲရလဒ်ကို သိရှိရပြီဖြစ်ပေမယ့် ယမန့်နေ့ ဖြစ်ပွားသော ပြည်တွင်းစစ်ပွဲကြောင့် နအဖမှ လွှတ်တော်ခေါ်ယူခြင်းနဲ့ အစိုးရ အသစ် ဖွဲ့စည်းဖို့ကို အကန့်အသတ်မရှိ ရက်ရွေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ၃၅ မိနစ်)
ဒီကေဘီအေနှင့်နအဖ တိုက်ပွဲဖြစ်သောကြောင့် ကလေးကျောင်းသွားကြိုသော ကြံ့ဖွတ် ကိုယ်စားလှယ်လောင်းတဦးလည်း သေဆုံးသွားကြောင်း သိရှိရသည်၊ သေဆုံးသူ ၁၀ ဦးတက်မနည်းရြှိ့ပီး... ဒဏ်ရာရသူ ၃၀ နီးပါးခန့်ရှိကြောင်း သိရှိရသည်။

နံနက်(၇ နာရီ ၃၀ မိနစ် ) မနေ့ညက မြ၀တီတွင် ဒီကေဘီအေနှင့်နအဖ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူလူထု ၁၀ ဦးထက်မနည်းသေဆုံးမှုရှိကြောင်း သိရှိရသည်။

နံနက်(၇ နာရီ )
မနေ့ညက မြ၀တီတွင် ဒီကေဘီအေနှင့်နအဖ တိုက်ပွဲဖြစ်သံများ ရပ်ဆဲသွားပြီး ယနေ့မနက် ၆ နာရီကျော်လောက်တွင် လက်နက်ငယ်သံများ တဖန်ပြန်ကြားလာရကြောင်း သိရှိရသည်။

No comments:

Post a Comment